အခုလောက်ဆိုရင် ကျွန်တော်တို့ရဲ့ ၂၀၀၈ မှာ သွားခဲ့ကြတဲ့ နယ်ဝေးက မွန်ပြည်နယ် ပရဟိတ ခရီးစဉ်လေးကို ရပ်ဝေးရပ်နီးအလှူရှင်များ ရော ပရဟိတ မောင်မယ်များရော အတော်အသင့်တော့ ကျေနပ်ပီတိလေးများရရှိနေမယ်လို့ "Children,Our Future လူငယ်လေးများမှ မျှော်လင့်မိပါ တယ်.....
အားလုံးအတွက်လည်း ပရဟိလုပ်ရကျိုး လှူလိုက်ရတဲ့အကျိုးတွေကို ပြည့်ပြည့်၀၀ကြီး ခံစားနိုင်ကြပါစေ......
အခုလာမယ့် ၂၀၀၉ ခုနှစ်မှာတော့ ၂၀၀၈ မှာရင်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ရင်းပြီး အရင်နှစ်ကထက် ပိုမိုပြီး ပရဟိတကျောင်းမှ ကလေး
ငယ်လေးများကို ပြီးပြည့်စုံပြီး ပျော်ရွှင်မှုလေးတွေကို ပေးစွမ်းနိုင်အောင်လည်း "Children,Our Future" လူငယ်လေးများက တတပ်တအား
အစွမ်းကုန် ကြိုးစားသွားကြမှာ အသေအချာပါပဲခင်ဗျာ....
၂၀၀၉ မှာ ကချင်ပြည်နယ်မှ ပရဟိတ ကျောင်း ၂ ကျောင်းကို သွားမှာဖြစ်ပါတယ်ခင်ဗျာ.... ကျောင်းရဲ့ နာမည်နဲ့ လိပ်စာအသေးစိပ်တွေ တော့ မကြာခင်မှာသိရှိရတာ့မှာပါ ဆက်သွယ်လှူဒါန်းလိုပါကလည်း ttotime@gmail ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ...
ဖုန်းနဲ့ဆက်သွယ်ချင်ရင်တော့ ကိုသိန်းထွန်းဦး ဖုန်း- ၂၅၃၆၄၂ ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ....
(Children,Our Future လူငယ်လေးများ)








